📣 Digital Literacy: Essential skills for a Digital Era💻
ယနေ့ခေတ်ရဲ့လူနေမှုပုံစံလိုပြောလိုက်တာနဲ့ ကမ္ဘာ့လူဦးရေရဲ့ ပျမ်းမျှ 70% က internet ကိုအသုံးပြုပြီး သူတိုရဲ့နေ့စဉ်ဘဝကို ဖြတ်သန်းကြပါတယ်။ အခုလို internet အသုံးပြုမှုတွေ တွင်ကျယ်လာတာနဲ့အမျှ social media site တွေပေါ်မှာ သတင်းအမှားတွေနဲ့ cyberbullying စတာတွေက တစ်နေ့တစ်ခြား တိုးပွားလာတာကိုတွေ့ရပါတယ်။
အခုလိုပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ဖိုအတွက် internet အသုံးပြုသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ Digital Literacy Training Class ကို BEI နဲ့ Paduak Classroom တိုအတူပူးပေါင်းပြီး "အခမဲ့" သင်ကြားပေးသွားဖိုရှိကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
အဆိုပါ training course ကို ဩဂုတ်လ ၉ ရက်(သောကြာနေ့) မှစတင်၍ ငါးပတ်တိုင်တိုင် အပတ်စဉ် သောကြာနေ့(8:30 AM – 10:30 AM) နဲ့ စနေနေ့ (9:00 AM – 10:30 AM) တွေမှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။
ငါးပတ်တာကာလအတွင်း ဖော်ပြပါ modules 10 ခုကို အခြေခံကနေစလို ဆွေးနွေးသင်ကြားပေးသွားမှာဖြစ်ပါတယ်။
1. Introduction to the Internet
2. Digital Communication
3. Online Safety and Security
4. Social Media Literacy
5. Digital Skills for Productivity
6. Remote Work Essentials
7. Digital Study Skills
8. Information Literacy and Academic Integrity
9. Personal Development and Career Exploration
10. Introduction to Artificial Intelligence
အတန်းမစတင်မှီ ဩဂုတ်လ ၆ ရက်နေ့၊ ညနေ ၆:၀၀ မှာလဲ အဆိုပါ training program နဲ့ပတ်သတ်တဲ့အချက်အလက်တွေကို sharing လုပ်ပေးသွားမယ့် online orientation လေးပြုလုပ်ကျင်းပသွားဖိုလဲရှိတဲ့အတွက်ကြောင့် စိတ်ပါဝင်စားတက်ရောက်လိုသူများအနေဖြင့် ဖော်ပြပါ registration form ကို ဩဂုတ်လ ၅ ရက်နေ့၊ နေ့လည် ၁၂:၀၀ နာရီနောက်ဆုံးထားလျှောက်ထားပေးဖို တိုက်တွန်းလိုက်ရပါတယ်ရှင်။
Registration form link: Digital Literacy Registration Link
စိတ်ချလုံခြုံရပြီး ယုံကြည်မှုအပြည့်ရှိတဲ့ digital citizens တွေဖြစ်နိုင်ဖိုအတွက် အခုပဲ BEI နဲ့အတူလက်တွဲလိုက်ရအောင်ပါ။🌐💻
🔸 Brilliant Educational Institute facebook page link;
https://www.facebook.com/profile.php?id=61551300385701&mibextid=ZbWKwL