ကမ္ဘာ့အဆင့်မီ ပညာရေးစံနှုန်းတွေကို ကိုယ့်စာသင်ခန်းလေးထဲ ဘယ်လိုယူဆောင်လာနိုင်မလဲ 💭🎓
ယနေ့ခေတ်ရဲ့ ပြောင်းလဲလာတဲ့ ပညာရေးရေစီးကြောင်းမှာ ဆရာ၊ဆရာမတွေရဲ့ အခန်းကဏ္ဍက အတိတ်နေ့ရက်တွေကထက်ပိုပြီး အရေးပါလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် Brilliant Educational Institute (BEI), Honesty Private School, Mandalay Federal School နှင့် Nway Oo Revolutionary School တိုနဲ့အတူ ပူးပေါင်းပြီး ပြည်သူ့အစိုးရအသိအမှတ်ပြု Federal School များရှိ ဆရာ၊ဆရာမများအတွက် အထူးရည်ရွယ်ပြီး '' 36-Hour Training of Trainers (TOT) Program'' ကို ပါမောက္ခဝါရင့်ဆရာကြီး၊ ဆရာမကြီးများက ဦးစီးသင်ကြားပြီး "အခမဲ့" ဖွင့်လှစ်ပိုချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
အဆိုပါ Program ဟာဆိုရင် သာမန်သင်တန်းတစ်ခုထက်ပိုပြီး အဓိကဘာသာရပ်ကြီး (၃) ခုဖြစ်တဲ့ English, Science(Chemistry, Physic, Bio), & Mathematics တိုကို အခြေခံပြီး နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်တွေကို စာတွေ့လက်တွေ့ နှစ်မျိုးစလုံးနဲ့အတူ ပေါင်းဆက်ဖော်ဆောင်သွားဖြစ်ပါတယ်။
TOT Program လေးဟာဆိုရင် ပညာရေးကဏ္ဍရဲ့ လမ်းပြကြယ်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေအတွက် ဖော်ပြပါ ရလဒ်ကောင်းတွေကို ဖန်တီးပေးနိုင်ဖိုရန် အဓိကရည်ရွယ်ပြီးဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။
💠 ဆရာ၊ဆရာမများ၏ သင်ကြားမှုပုံစံများကို ခေတ်သစ်ပညာရေးစနစ်နှင့်အညီ ပိုမိုဆန်းသစ်ပြီး ထိရောက်လာစေရန်။
💠 နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၏ သဘောသဘာဝနှင့် စံနှုန်းများကို နားလည်သဘောပေါက်ပြီး မိမိတို၏ စာသင်ခန်းထဲတွင် စနစ်တကျ အသုံးချနိုင်စေရန်။
💠 ဆရာ၊ဆရာမများအနေဖြင့် International Curriculum နှင့် Local Curriculum ကြားရှိ အပြန််အလှန်ဆက်စပ်မှုများကို ရှင်းလင်းမျှဝေပေးနိုင်ခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် ဒေသတွင်းသင်ရိုးများကိုသင်ကြားပိုချရင်း နိုင်ငံတကာအဆင့်မီ တွေးခေါ်ပုံများနှင့်ပါ ရင်းနှီးကျွမ်းဝင်စေရန်။
💠 Federal School များ၏ ပညာရေးအရည်အသွေးကို တစ်ဆင့်မြှင့်တင်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်။
ဒါကြောင့် ဒီ TOT Program မှာဆိုရင် စာတွေ့တင်မကဘဲ လက်တွေ့နယ်ပယ်မှာပါ အသုံးချနိုင်မယ့် Practical Approach တွေကို အဓိကထားလမ်းညွှန်သွားမှာဖြစ်လို ဆရာ၊ဆရာမတွေအနေနဲ့ အခုလိုစိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေကို အသေးစိတ် လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။
💠 Effective Lesson Planning
သင်ခန်းစာတစ်ခုကို ရိုးရိုးရှင်းရှင်းပြင်ဆင်ရုံတင်မဟုတ်ဘဲ နိုင်ငံတကာစံနှုန်းတွေအတိုင်း စနစ်တကျနဲ့ အချိန်တိုအတွင်း ထိရောက်အောင် ဘယ်လို Plan ဆွဲမလဲဆိုတာကို လက်တွေ့ဆောင်ရွက်ချက်တွေနဲ့အတူ လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။
💠 Student-Centered Strategies
ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို သင်ကြားပိုချပေးနေတဲ့ သင်ခန်းစာထဲမှာ တက်တက်ကြွကြွပါဝင်လာအောင် ဘယ်လိုမျိုး သင်ကြားမှုဗျူဟာတွေကို အသုံးပြုရမလဲ၊ ဆွဲဆောက်မှုရှိပြီး အသက်ဝင်တဲ့ စာသင်ခန်းတစ်ခန်းဖြစ်အောင် ဘယ်လိုဖန်တီးနိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
💠 Assessment Method
စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားတဲ့အခါ International Framework တွေနဲ့ ကိုက်ညီပြီး ကျောင်းသား၊ကျောင်းသူတွေရဲ့ တိုးတက်လာမှုကို မှန်မှန်ကန်ကန်တိုင်းတာနိုင်မယ့် အကဲဖြတ်မှုစနစ်တွေကိုလဲ အသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
အဆိုပါ TOT Program ကအခုလို ပညာရေးအဖွဲအစည်း အသီးသီးနဲ့အတူ ပူးပေါင်းဖွင့်လှစ်တဲ့ program တစ်ခုဖြစ်တဲ့အတွက် သင်တန်းတစ်ခုကိုတက်ရောက်လိုက်ရုံမဟုတ်ဘဲ သင်တန်းကနေတစ်ဆင့် အရည်အချင်းစိစစ်ရွေးချယ်ခံရတဲ့ ဆရာ၊ဆရာတွေအနေနဲ့ အနာဂတ်မှာ-
💠 မိမိတိုကျောင်းတွင် နိုင်ငံတကာသင်ရိုးညွှန်းတန်းနဲ့ပတ်သတ်၍ အခက်အခဲကြုံလာခဲ့သည်ဖြစ်စေ၊ နည်းလမ်းသစ်များလိုအပ်လာခဲ့သည်ဖြစ်စေ ယုံယုံကြည်ကြည်တိုင်ပင်ဆွေးနွေးနိုင်မည့် Leader တစ်ဦးဖြစ်လာနိိင်မည််။
💠 လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမများကို စနစ်တကျပြန်လည်လမ််းညွှန်နိုင်ပြီး ကျောင်း၏ သင်ကြားမှုအရည်အသွေးတွေကို မြှင့်တင်ပေးနိုင်မည့် Mentor တစ်ယောက်အဖြစ် ရပ်တည်နိုင်မည်။
💠 Program မှတစ်ဆင့် မိတ်ဖက်ပညာရေးအဖွဲအစည်း (၅)ခုရှိ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ချိတ်ဆက်ခွင့်ရမည်ဖြစ်သည့်အတွက် မိမိတို၏ အသက်မွေးဆိုင်ရာကဏ္ဍအတွက် အတွေ့အကြုံသစ်များနှင့် အဆက်အသွယ်ကောင်းများကို ရရှိနိုင်မည်။
BEI နဲ့အတူ မိတ်ဖက်ပညာရေးအဖွဲအစည်းများ ပူးပေါင်းဖွင့်လှစ်တဲ့ ''36-Hour Training of Trainers (TOT) Program'' ဟာဆိုရင် ဆရာ၊ဆရာမတွေရဲ့ Professional Development ကိုအစဥ်တစိုက် ပံ့ပိုးကူညီပေးသွားမယ့် ဆောင်ရွက်ချက်တစ်ခုဖြစ်တဲ့အပြင်၊ ကျောင်းသား၊ကျောင်းသူတိုအတွက်လည်း အရည်အသွေးမြင့်ပညာရေးကို တန်းတူညီမျှ ရရှိခံစားနိုင်စေမယ့် ခြေလှမ််းသစ်တစ်ခုဖြစ်ပါတယ်။
အဆိုပါ Program ကိုတက်ရောက်ရန်-
♦️ BEI နှင့် partnership ပြုလုပ်ထားသည့် Federal School ရှိဆရာ၊ဆရာမများအနေဖြင့် မိမိတိုကျောင်းမှ Zoom Link ထုတ်ယူ၍တက်ရောက်နိုင်ပြီး၊
♦️ BEI နှင့် partnership ပြုလုပ်ထားခြင်းမရှိသည့် Federal School ရှိဆရာ၊ဆရာမများအနေဖြင့် ဖော်ပြပါ Register Form အားဖြည့်သွင်း၍ တက်ရောက်နိုင်ပါသည်။
📍Form Link: https://forms.gle/NPRaQfX1Pxqub8og9
📍Program Start Date- 16.2.2026 (Monday)
(Program အတွက် တက်ရောက်ရမည့် Timetable ကို ဖော်ပြပါပုံတွင်လေ့လာနိုင်ပါသည်။)
🔸 Brilliant Educational Institute Facebook page link; https://www.facebook.com/profile.php?id=61551300385701&mibextid=ZbWKwL