About this Course
June လအတွင်းစတင်ကျင်းပတော့မယ့် BECA exam ကိုဖြေဆိုဖိုပြင်ဆင်နေကြပြီဖြစ်တဲ့ Grade 12(new) ကျောင်းသားများအတွက် English စာဖြေဆိုရမှာအဆင်ပြေချောမွေ့စေဖိုအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အခမဲ့ knowledge sharing session လေးတစ်ခုကို BEI ကနေဦးစီးပြုလုပ်သွားဖိုရှိကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
အဆိုပါ sharing session တွင် NUG/MOE ရဲ့ Grade 12(new) English textbook ကိုအခြေခံကာ ဖြေဆိုရာတွင် မဖြစ်မနေသိထားသင့်တဲ့ အချက်အလက်များ၊ reading tipsများ၊ common mistakes များအပြင် question format များကိုပါ အင်္ဂလိပ်စာသင်ကြားရာ၌ ဝါရင့်အတွေ့ကြုံရှိပြီးသားဖြစ်တဲ့ ဆရာမကြီးကနေ ဆွေးနွေးရှင်းပြသွားမှာဖြစ်ပါတယ်။
Sharing session ကို 6.6.2025 ,9.6.2025, 10.6.2025 အထိသုံးရက်တိတိကို မြန်မာစံတော်ချိန် ညနေ 3:00 မှ 4:30 အချိန်တွင် Zoom platform ကိုအသုံးပြုကာကျင်းပသွားမှာဖြစ်ပါတယ်။
တက်ရောက်လိုသူများအနေဖြင့် ဖော်ပြပါ application form ကို 5.6.2025 နေ့လည် ၃ နာရီနောက်ဆုံးထား၍ လျှောက်ထားပေးဖို အသိပေးနှိးဆော်အပ်ပါတယ်။
မဖြေခင်ကသာ အကုန်ပိုင်နိုင်နေသလိုဖြစ်နေပေမယ့် တကယ့်နဖူးတွေ့ဒူးတွေ့ဖြေဆိုတဲ့အခါကျတော့ ပေးထားသမျှ options တွေအကုန်ဖြစ်နိုင်နေသလိုထင်ရတဲ့ ဒီအင်္ဂလိပ်စာကို အခက်အခဲမရှိဖြေဆိုနိုင်ဖိုအတွက် အဆိုပါ meeting လေးကိုမပျက်မကွက်တက်ရောက်ဖိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်။📚📝