တက္ကသိုလ်ပညာရေးရဲ့ ပထမဆုံးခြေလှမ်းက English စာတက်ကျွမ်းမှုပါ။✅🎓
BEI ကနေ ဖွင့်လှစ်သွားမယ့် သင်တန်းတွေကို လိုက်ပါတက်ရောက်နိုင်ဖိုအတွက် ကျောင်းသား၊ကျောင်းသူတိုဟာ အနည်းဆုံး CEFR A2 Level ရှိထားဖိုလိုအပ်ပါတယ်။ ဒါဟာ ကျောင်းသား၊ကျောင်းသူတိုအနေနဲ့ သင်ခန်းစာအပေါ်နားလည်နိုင်စွမ်းရှိဖိုနဲ့ ဆရာ၊ဆရာမတွေနဲ့အတူ အပြန်အလှန်ဆွေးနွေးပြောဆိုနိုင်ဖို မရှိမဖြစ်အနေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာစွမ်းရည်ပြည့်မှီဖိုလိုအပ်နေတဲ့ ကျောင်းသား၊ကျောင်းသူတိုအနေနဲ့ ပညာသင်ယူရာမှာ အခက်အခဲမရှိစေဖို BEI ကနေ CEFR A1 Level ရှိ English Foundation Class ကိုဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် အင်္ဂလိပ်စာစွမ်းရည်က ဘာသာစကားတက်မြောက်မှုတစ်ခုဆိုတာထက် ပညာရေးဆိုင်ရာအခွင့်အလမ်းတွေကိုဖွင့်ပေးနိုင်မယ့် သော့ချက်တစ်ခုဖြစ်ပါတယ်။
🎯 မကြာခင်မှာ BEI ကနိုင်ငံတကာ တက္ကသိုလ်တွေနဲ့အတူ ပူးပေါင်းပြီး Blended Learning Program အသစ်တွေကိုဖွင့်လှစ်သွားမှာဖြစ်လို ဒီလိုအစီအစဥ်တွေမှာပါဝင်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲလက်မှတ်တွေရယူနိုင်ဖိုအတွက် ကျောင်းသား၊ကျောင်းသူတိုရဲ့ အခြေခံအင်္ဂလိပ်စာစွမ်းရည်က အဆုံးအဖြတ်တစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။
🎯 ယနေ့ခေတ်ရဲ့ သုတေသနစာတမ်းတွေ၊ ပညာရေးဆိုင်ရာစာအုပ်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာအချက်အလက်တွေရဲ့ 80% ကျော်က အင်္ဂလိပ်ဘာသာစကားတွေနဲ့ ပြုစုထားတာဖြစ်လို အင်္ဂလိပ်စာကို ကျွမ်းကျင်ခြင်းက မိမိတိုကို ပြည်တွင်းမှာသာမက ပြည်ပကပညာရပ်တွေကိုပါ လေ့လာခွင့်ပေးမှာပါ။
🎯 Learning journey ပြီးလို Earning journey တစ်ခုကိုစတင်တော့မယ့်အခါမှာလဲ ကမ္ဘာလုံးဆိုင်ရာစစ်တမ်းတွေအရ အင်္ဂလိပ်စာကိုအခြေခံကနေစလို ပိုင်နိုင်ထားတဲ့သူဟာ ပျမ်းမျှဝင်ငွေ 20% ကနေ 50% အထိိပိုမိုရရှိကြပါတယ်။
🎯 ယနေ့လိုမျိုး နည်းပညာခေတ်ကြီးထဲမှာ Chat GPT လိုမျိုး AI တွေအပါအဝင် နောက်ဆုံးပေါ် နည်းပညာ software တွေနဲ့ ထိထိရောက်ရောက်အလုပ်လုပ်နိုင်ဖိုဆိုရင် အင်္ဂလိပ်စာက အဓိက command ဘာသာစကားတစ်ခုအနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။
🎯 ဒါ့အပြင် ပညာရေးသုတေသီတွေရဲ့ အဆိုပြုချက်အရ ဘာသာစကားတစ်ခုထက်ပိုပြီး တတ်မြောက်ထားခြင်းက ''Meta-linguistic awareness'' ကိုတိုးတက်စေပါတယ်။ ဆိုလိုတာက ဘာသာစကားရဲ့ တည်ဆောက်ပုံတွေကို အခြေခံကနေစပြီးတတ်ကျွမ်းနားလည်ထားတာကြောင့် အဆင့်မြင့်ပညာရပ်တွေကို လေ့လာတဲ့အခါ ပိုမိုမြန်မြန်ဆန်ဆန်နဲ့ နားလည်သဘောပေါက်စေတာဖြစ်ပါတယ်။
ဒါကြောင့် BEI ကနေဖွင့်လှစ်သွားမယ့် A1 Level English Foundation Class ဆိုတာက သင်တန်းတစ်ခုတင်မကဘဲ ကျောင်းသား၊ကျောင်းသူတိုရဲ့ တက္ကသိုလ်ပညာရေးကိုအောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်စေဖိုနဲ့ နိုင်ငံတကာပညာရေးအခွင့်အလမ်းတွေကို စွတ်ခူးနိုင်စေဖို ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့တင်မကဘဲ သင်တန်းကာလပြီးဆုံးသွားတဲ့အခါမှာလည်း BEI- Language Testing Centre ကနေ level test “အခမဲ့”စစ်ဆေးပေးသွားမှာဖြစ်လို ကြိုးစားလိုစိတ်တစ်ခုရှိရုံနဲ့ ခိုင်မာတဲ့အုတ်မြစ်တစ်ခုကို ချနိုင်မှာဖြစ်ပါတယ်။
📍Course Name: English Foundation Class (CEFR A1 Level)
📍Class Duration: 8 Weeks
📍Start Date: 13.3.2026
📍Class Time: Mon/Tue/Wed – 8p.m.-9p.m.
📍Admission Fees: 35,000 MMK for the entire course
📍 Registration form link:https://www.brilliant-edu.org/admission/certificate/a1-elementary
သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ ဆက်သွယ်မေးမြန်းလိုပါက BEI Facebook page messenger မှသော်လည်းကောင်း၊ www.brilliant-edu.org မှတစ်ဆင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပြီး၊ ကျောင်းသား၊ကျောင်းသူများအတွက် BEI Student Support Team ကနွေးထွေးစွာကြိုဆိုလျက်ရှိပါတယ်ရှင်။
🔸 Brilliant Educational Institute Facebook page; https://www.facebook.com/profile.php?id=61551300385701&mibextid=ZbWKwL